သားဖောက်စခန်းအတွက် မြေနေရာရွေးချယ်ခြင်း ( Site Selection for Hatchery)
သားဖောက်စခန်းအတွက် မြေနေရာရွေးချယ်ခြင်း ( Site Selection for Hatchery) သားဖောက်စခန်း မြေနေရာရွေးချယ်ခြင်းသည် ကောင်းမွန်သော ငါးသားပေါက်များ ရရှိရေးဖြစ်ပြီး အောင်မြင်မှုနှင့် အကျိုးအမြတ်များပါ ရရှိရန်အတွက် အရေးပါဆုံးဖြစ်ပါသည်။ သားဖောက်စခန်း မြေနေရာရွေးချယ်တော့မည်ဆိုလျှင် အောက်ပါအချက်များကို ထည့်သွင်းစဥ်းစားပေးရပါမည် - (၁) သယ်ယူပို့ဆောင်ရေး (Transportation) (၂) လျှပ်စစ်စွမ်းအင် အရင်းအမြစ် ( Source of Electric Power) (၃) ကျွမ်းကျင် အလုပ်သမားရရှိနိုင်မှု (Skill Labour) (၄) စျေးကွက် (Market) (၅) ရေအရင်းအမြစ် (Water Resources) ဒေသရဲ့ စီးပွားအရေးအခြေအနေ ( Social Economics) ( ၁) သယ်ယူပို့ဆောင်ရေး (Transportation) သားဖောက်စခန်းတစ်ခုတည်ဆောက်တော့မည်ဆိုလျှင် သယ်ယူပို့ဆောင်ရေးသည် လွန်စွာမှ အရေးကြီးသော အချက်ဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောကြောင့် မိမိတို့သားဖောက်စခန်းမှထွက်လာသော ငါး/ပုစွန်သားပေါက်များကို လာရောက်ဝယ်ယူသူများလည်း အဆင်ပြေလွယ်ကူချောမွေ့ပြီး မိမိတို့အနေဖြင့်လည်း သားပေါက်စခန...