အသားတိုးကန်တည်ဆောက်ခြင်း (Growthout Pond)
အသားတိုးကန် တည်ဆောက်ခြင်း (Structure for Growthout Pond) အသားတိုးကန် တည်ဆောက်ရန်အတွက် ရှေးဦးစွာ ရေလှောင်ကန် (Reservoir) ကိုထားရှိပေးရပါမည်။ ၎င်းရေလှောင်ကန်ကို မိမိမွေးမြူမည့် အသားတိုးကန်၏ အပေါ်ဘက်တွင် တည်ဆောက်ပေးရပါမည်။ သို့မှသာ ရေလှောင်ကန်ထဲသို့ ရေဖြည့်သွင်းလိုက်လျှင် ၎င်းထဲမှ ရေကို ပြန်ထုတ်လိုက်သည်နှင့် တပြိုင်နက် မိမိမွေးကန်အတွင်းသို့ gravity အရ အလွယ်တကူ စီးဆင်းနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ရေသွင်းရသည့် စက်ဆီဖိုးငွေသက်သာသည့်အတွက် ကုန်ကျစရိတ် အနည်းနှင့်အများ လျော့နည်းနိုင်ပါသည်။ ရေလှောင်ကန် တည်ဆောက်တော့မည်ဆိုလျှင် မိမိတို့ တည်ဆောက်မည့်နေရာ၏ တစ်နှစ်ပတ်လုံး မိုးရေချိန် (ဘယ်လောက်များများ ရွာသွန်းသလဲ?)၊ မိုးတစ်ကြိမ်ရွာလျှင် (မိုးရေချိန်လက်မ ဘယ်လောက်တက်လဲ?)၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များမှ တစ်နှစ်ပတ်လုံး (ရေထုထည်ပမာဏ ဘယ်လောက်ထိရရှိနိုင်မည်လဲ?) ဆိုသည်ကို သိဖို့လိုပါသည်။ ရေလှောင်ကန်အတွက် တာဘောင်တွေတည်ဆောက်တော့မည်ဆိုလျှင် တာပေါ်အောက်ခြေ အုတ်မြစ်ကို သဲကြမ်း/ သဲနု (ရွှံ့စေးမြေ 20%)ပါသည့် မြေအမျိုးအစား...

Comments
Post a Comment